Tuesday, August 26, 2008
CPE17 Autorun Killer (AntiAutorun) Version က 1.7.1 ပါ။ဒီ program လေးက "Autorun Virus" (အလို အလျောက် System ထဲကို ၀င်ရောက်ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ဗိုင်းရပ်(စ်)များကို ဖယ်ရှားရှင်လင်းပေးပါတယ်။ System ထဲကို ဗိုင်းရပ်(စ်)၀င်ရောက်ရခြင်းအကြောင်းရင်းကိုဆန်းစစ်မယ်ဆိုရင် အဓိကလက်သည်ကတော့ လူသုံး အများဆုံး Flash Disk or Memory Disk တွေပါပဲ။ Systemထဲကို ထိုးသွင်းလိုက်ပြီဆိုတာနဲ့ အလိုအလျောက်ပြန့်ပွားပြီး စနစ်ရဲ့အဓိကကျတဲ့နေရာတွေမှာဝင်ရောင်ခိုအောင်းပြီ ဒုက္ခပေးတော့တာပဲ။ အဲဒီအချိန်မှာ တင်ထားတဲ့ Antivirus Program Defination က update ဖြစ်တယ်ဆိုရင်တောင် တစ်ချို့ ဗိုင်းရပ်(စ်)တွေဆို မိတောင်မမိဘူး။ ဒါက ကျွန်တော့်အတွေ့အကြုံအရပြောတာပါ။ ဗိုင်းရပ်(စ်) အမြဲတမ်းမိပြီး သတ်ပေးတဲ့ အပြည့်အစုံဆုံး Antivirus Program ဆိုတာမရှိပါဘူး။ နောက်ပြီး တစ်ချို့ ဗိုင်းရပ်(စ်)တွေဆို System ထဲကိုရောက်ပြီဆိုတာနဲ့ Systemတစ်ခု လုံးကို နှေးကွေးလေးလံအောင် လုပ်ဆောင်ခြင်းဖြင့် ရှိနေတဲ့ Antivirus Program ရဲ့ လုပ်ဆောင်ချက်ကို ရပ်ဆိုင်း စေခြင်းဖြင့် သူတို့ကို မရှာနိုင်အောင် မတွေ့နိုင်အောင် လက်ဦးမှုရယူတတ်ကြသည်။ လေးဖြူသီချင်းလို့ပေါ့ မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက် ဆိုသလိုပါပဲ။နည်းနည်း ရှည်သွားတယ် ချုပ်ရအောင် ဒါဆိုရင် System ကို ဗိုင်းရပ်(စ်)မ၀င်အောင် ဘယ်လိုလုပ်ကြမလဲ ဟုတ်ကဲ့ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုပြီထိရောက်ပါတယ် ဆိုစကားအတိုင်း မည့်သည့် media အစိတ်အပိုင်းမဆို ထိုးထည့်လိုက်တာနဲ့ ဗိုင်းရပ်(စ်)ကို ရှာဖွေသတ်ပေးနိုင်တဲ့ Program လေးတစ်ခုကိုမိတ်ဆက်ပေးမယ် အသုံးဝင် လိမ့်မယ်ဆိုတာလည်း စာရေးသူကယုံကြည်မိပါတယ်။ အောက်ကလင့်လေးကိုနှိပ်ပြီး ဒေါင်းလုပ်(ဒ်) ဆွဲလိုက်ပါ။
1 Comment:
How is this blog related to Ko Kyaw Soe's blog??? I saw a post about CPE autorun killer in Ko Kyaw Soe's blog. But Ko Kyaw Soe submitted the post earlier than you as I saw the date. If you copied from him, you should give credit to him. In my opinion, it's a shame of copying something from someone without giving credit. It's my apology if I am misunderstanding. Here is the link. http://www.google.com/url?sa=t&source=web&ct=res&cd=7&url=http%3A%2F%2Fkyawnux.blogspot.com%2F2008%2F07%2Fcpe-17-autorun-killer.html&ei=4fvuSJmHIoHy7APiwPSyBg&usg=AFQjCNG_oVsYRXK7zsxx3j9xwpumEuXFyQ&sig2=YZTDXn8hohSHOcxV5zw3ZQ
Post a Comment